သတင်းများ

ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့သားများ စုပေါင်းပလတ်စတစ်ကောက်ခြင်းများ ဆောင်ရွက်
Sep 13,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စနေနေ့တိုင်း စုပေါင်းပလတ်စတစ် အမှိုက်ကောက်ခြင်းကို ယနေ့ နံနက် ၆ နာရီခွဲအချိန်က စတင်ကောက်ယူခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 13,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာများသို့မြေပြင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြော၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပပြုလုပ်
Sep 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်းကျောင်း(သဲဖြူ)တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အနာဂတ်၏ မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေးနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်လာစေရန်၊ လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်ရည်ရွယ်ကာ ယမန်နေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြော၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။
ထန်းတပင်မြို့နယ်၌ ရေဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Sep 13,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ရေဘေးသင့် အိမ်ထောင်စု (၅၅၉) စုအတွက် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ၊ လခြမ်းနီအသင်းနှင့်မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ သဘာဝဘေးရန်ပုံငွေဖြင့် ၂၀၂၄ ခုနှစ် ရာဂီရေဘေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက်  ၉ နာရီက သီရိရတနာရပ်ကွက် မဟာဝိသုတရာမ ဘုန်းတော်ကြီးကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်  မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ တဆင့် လှူဒါန်းပေးခဲ့သည်။
သန်လျင်ခရိုင် မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲကျင်း
Sep 13,2025
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ သန်လျင်ခရိုင်မှ ကြီးမှုးဖွင့်လှစ်ခဲ့သော ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၆/၂၀၂၅)ဆင်းပွဲကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက်တွင် သန်လျင်မြို့ရှိ ခရိုင်မီးသတ်ဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
သံဖြူဇရပ်မြို့အလက(ခွဲ)စက်သစ်​ကျောင်း၌ ကလေးအထူးတရားပွဲပြုလုပ်
Sep 13,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်၌မွန်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) နှင့် ဟိတဓရ​ဖောင်​ဒေးရှင်းတို့မှ  ကြီးမှူးကျင်းပသည့်     ကလေး အထူးတရားပွဲကို စက်တင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းက အ-လ-က(ခွဲ)စက်သစ် ​ကျောင်း၌ ပြုလုပ်သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းမြို့ ချောင်းတိမ်ချောင်း မြေထိန်းတမံ တည်ဆောက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Sep 13,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် ချောင်းတိမ်ချောင်း ရေစီးရေလာကောင်းမွန်ရေး၊ ရေကြီးရေလျှံမှု၊ ကမ်းပြိုမှုကာကွယ်ရေး မြေထိန်းတမံ တည်ဆောက်ခြင်းလုပ်ငန်းများကို ယမန်နေ့က ကြည့်ရှုစစ်ဆေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခြင်းနှင့်  မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ လှူဖွယ်ဝတ္ထုပစ္စည်း၊ ဆေးနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ဆက်ကပ်
Sep 13,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများဥပတိရုပ် ကောင်းမွန်စေရေးအတွက် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။