မိုင်းပျဉ်း မေ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မြို့နယ်ပညာရေးဌာနမှ ကြီးမှူး၍ KGနှင့် Grade-1 သင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ဆင့်ပွား) မြို့နယ်အဆင့်ဆွေးနွေးပွဲသင်တန်းကို ၂၀၂၆ ခုနှစ် ယနေ့နံနက်ပိုင်းကစ၍ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာ ရေးမှူး ဦးကျော်လွင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရုံးအဖွဲ့ကြီးကြပ်(၃)ဦးဖြင့် နည်းပြဆရာ/ဆရာမ(၆)ဦးတို့က ဆွေးနွေးပွဲသင်တန်းကို သင်တန်းခန်း(၃)ခန်းခွဲ၍ ဆက်လက်ဆွေးနွေးပို့ချခဲ့ကြသည်။ အဆိုပါသင်တန်းကို မေလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းအုပ်၊ မူပြ၊ ဒု-မူပြနှင့် လက်ထောက်မူပြ၊ စုစုပေါင်း(၁၁၉)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)