သတင်းများ

မဲဆန္ဒရှင်ပြည်သူများအား(MEVE)မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
Sep 14,2025
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်ပေးခြင်းကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အတွင်းပဒံကျေးရွာ အမှတ်(၁၂)အထကတွင် စက်တင်ဘာ ၁၄  ရက် နံနက်  ၉  နာရီက ဆောင်ရွက်သည်။
တောင်ဥက္ကလာပမြို့နယ်၌ ရခိုင်ပြည်နယ်မှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား တစ်ပတ်စာ ဆန်၊ ဆီ၊  ရိက္ခာလေးမျိုး ထောက်ပံ့
Sep 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် ရည်ရွယ်၍ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ(၄)မျိုး (တစ်ပတ်စာ) ပေးအပ် ခြင်းအခမ်းအနားကို  ယနေ့နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄)ရပ်ကွက် သစ္စာလမ်းရှိ မြို့နယ်သာသနာ့ဗိမာန်တော် ကြီးတွင် ကျင်းပရာ ယာယီနေရပ်စွန့်ခွာလာသူ လူဦးရေ ၇၀၀ တို့အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ (၄ )မျိုး(တစ်ပတ်စာ)ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ကြသည်။
ရွှေပြည်သာမြို့နယ်၌ ရခိုင်ပြည်နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား စားနပ်ရိက္ခာလေးမျိုးထောက်ပံ့ပေးအပ်
Sep 14,2025
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် ရွှေပြည်သာမြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှပြောင်းရွှေ့ ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့သည့် တစ်ပတ်စာ ဆန်၊ ဆီ၊ ဆား၊ ပဲ လေးမျိုးပေးအပ်ခြင်းအခမ်းအနားကို  ရွှေပြည်သာမြို့နယ် အမှတ်(၆)ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတက်ရောက်၊ စိုက်ပျိုးရေး နှင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး
Sep 14,2025
၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကိုဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာ၊ အမှတ်(၃၄) အခြေခံပညာမူလတန်းလွန်ကျောင်းရှေ့တွင် ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မဟော်ဂနီပင်ကို စတင်စိုက်ပျိုးပေးပြီး တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများမှ မဟော်ဂနီ၊ ပျဉ်းကတိုး၊ ရေတမာ၊ ခရေပင်များ စုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
ချမ်းမြသာစည်မြို့နယ်တွင်  မဲပေးစက်ဆိုင်ရာ အသိပညာပေး  လက်တွေ့စမ်းသပ် မဲပေး 
Sep 14,2025
လွတ်လပ်ပြီးတရားမျှတ‌သော ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်ရေးအတွက် မဲပေးစက် အသုံးပြု၍ မဲပေးခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်အား ပြည်သူများ သိရှိနားလည်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်၊ ၁၁၁(စီ)၊ ၅၂/၅၃လမ်းကြားရှိ အလကခွဲ (၂၂) ကျောင်းခန်းမတွင်  မဲပေးစက်ဆိုင်ရာ အသိပညာ ပေးခြင်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် (၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
Sep 14,2025
မွန်ပြည်နယ် ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
ကရင်ပြည်နယ်(၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်
Sep 14,2025
ကရင်ပြည်နယ် ဘားအံမြို့တွင် နှစ်ရက်ကြာကျင်းပခဲ့သော (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာ၌ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးကာ၊ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံ
Sep 14,2025
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် ဖိုလေးလုံးကျေးရွာ၌ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးကာ၊ ဒေသတွင်းစိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။