အလုံ မေ ၁၄
အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်၏ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်လှသိန်းယဥ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများနှင့် သူနာပြုတက္ကသိုလ် ကျောင်းသား/သူများသည် အပတ်စဉ်ဖွင့်လှစ်သည့် သွေးတိုးနှင့် ဆီးချို ရောဂါစစ်ဆေးကုသမှုဆေးခန်းအား ယမန်နေ့က ဖွင့်လှစ်ကုသပေးခဲ့သည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒေါက်တာသဇင်ခိုင်မှ နှလုံးကျန်းမာရေးအကြောင်း အသိပညာပေးခြင်း၊ ကျန်းမာရေးမှူး-၃ ဒေါ်အေးအေးဌေးမှ အစာအဆိပ်သင့်ဖြစ်ပွားမှု သတိပေးနှိုးဆော်ချက်ခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ သူနာပြုတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများမှ ဆီးချိုရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် သွေးတိုးဆီးချိုလူနာများအတွက် ခုံထိုင်လေ့ကျင့်ခန်း (Chair Exercise) အား လက်တွေ့သရုပ်ပြလေ့ကျင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီးတီဘီရောဂါအကြောင်း ပညာပေး ဗီဒီယိုပြသပေးခြင်း၊ လူနာသစ်များအား BMI တွက်ချက်ပေးပြီး CVD risk စစ်ဆေးပေးခြင်း၊ လူနာများအား Finger Test ဖြင့် မျက်စိအတွင်းတိမ် ရှိ/မရှိ စစ်ဆေးခြင်း (Cataract Screening)၊ လူနာများအားကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် neuropathy ရှိ၊ မရှိ စစ်ဆေးပေးခြင်းတို့ကို နိုင်ငံ့ဝန်ထမ်းအပါအဝင် ဆီးချို၊သွေးတိုးလူနာ (၆၃) ဦးအား ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆေးကုသဆောင်ရွက်နေမှုအားမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုမှ လာရောက်အားပေးခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေလုံသား