သံတောင်ကြီးမြို့တွင် နိုင်ငံသားစိစစ်ကတ်ပြားနှင့် UID ကတ်ပြားကွင်းဆင်းဆောင်ရွက်

သံတောင်ကြီး ဇူလိုင် ၂၃

ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ကတ်ပြားနှင့် UID ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကိုယမန်နေ့နံနက် ၉ နာရီက သံတောင်ကြီးမြို့ အခြခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် သံတောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်စိုးနှင့်ဝန်ထမ်းများက လိုအပ်သောအချက်အလက်များစိစစ်ကောက်ယူ၍ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သည်။                                 

အဆိုပါ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများထုတ်ပေးခြင်းကို မြို့နယ်စီမံ ခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဗိုလ် ကသွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းသူ၊ ကျောင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခဲ့ကြောင်း သိရသည်။

နော်လော်မူ