ကျိုင်းတုံမြို့၌ နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် လူမှုထူးချွန် (ပထမဆင့်) ရရှိသော ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်

ကျိုင်းတုံ ဇူလိုင် ၂၃

ကျိုင်းတုံမြို့၌ နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် လူမှုထူးချွန် (ပထမဆင့်) ရရှိသော ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ပွဲကို ဇူလိုင် ၂၂ ရက်က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းက နိုင်ငံ‌တော်၏ လူမှုရေးကဏ္ဍအရပ်ရပ်တွင် စွမ်းဆောင်မှုအရည်အချင်းပြည့်ဝစွာဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ လူမှုထူးချွန်(ပထမဆင့်) ရရှိခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့‌နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ နှင့်တာဝန်ရှိသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လူမှုထူးချွန်(ပထမဆင့်)ရရှိခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)