ရွှေပြည်သာ မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများအား၊ လုံခြုံရေး၊ မီးဘေး၊ ကျန်းမာရေးဆိုင်ရာများကို အဖွဲ့များခွဲ၍ နေ့/ည တာဝန်များချထား ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း မိမိတာဝန်ကျသည့်ကျောင်းအလိုက် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးနှင့် စာစစ်ဌာနကြီးကြပ်ဆရာကြီး ဆရာမကြီးများက လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲဝင် (၁) ဗိုလ်မှူးသိန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန်နှင့် မြို့နယ်လျှပ်စစ်၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက မိမိတို့လုပ်ဆောင်ရမည့်တာဝန်များအား တင်ပြဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)