ထန်ပါခွေ မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာတွင် ရွှေလန်ပူငရုတ်သီးစိုက်ပျိုးဖြစ်ထွန်းမှုကြောင့် မိသားစုအပိုဝင်ငွေများရရှိကြောင်း သိရသည်။
မခွာလယ်ကျေးရွာအတွင်း နေထိုင်ကြသောတောင်သူများသည် စိုက်ပျိုးရေး အဆင်ပြေသည့်အတွက် ခရမ်းသီး၊ အာလူး၊ ပန်းမုံလာ၊ ပန်းဂေါ်ဖီ၊ ထောပတ်၊ ကိုက်လံ၊ ငရုတ်စသည့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် စားဖိုဆောင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် ရွှေလန်ပူငရုတ်သီးနှံစိုက်ပျိုးရေး လုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင် အစိုတစ်ပြည်လျှင် (၁၀၀၀၀) ကျပ်နှင့် အခြောက်တစ်ပြည်လျှင် (၁၈၀၀၀) ကျပ်နှုန်း ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိလို့ အဆင်ပြေပါတယ်ဟု ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာနေ တောင်သူ ဦးကြူဆန်းထောင်က ပြောသည်။
အလန် (ပြန်/ဆက်)