သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်

ကျိုက်မရော မတ် ၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အချိန်မရွေးဖြစ်ပေါ်နိုင်သော မီးဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်နှင့် အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး သဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာန၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်သောင်းဦးက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြီး သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဖြူစင်နှလုံးသားပရဟိတအဖွဲ့များ စုစုပေါင်းအင်အား(၃၅)ဦးတို့ဖြင့် မီးဘေး၊ ငလျင်ဘေးနှင့် အခြားသောဘေးအန္တရာယ်များအတွက် လက်တွေ့သရုပ်ပြ ဇာတ်တိုက်မှုများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မိချို (ပြန်/ဆက်)