ဖြူးမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

ဖြူး မတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ်ဖြင့် တစ်ဦးလျှင် (၁၀၀၀၀) ကျပ်နှုန်း (၃) လလျှင် တစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိရာ ယမန်နံနက် ၉ နာရီအချိန်က စတင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် တာဝန်ရှိသူများသည် ဖြူးအရှေ့ကျေးရွာအုပ်စု၊ ဘန်းလောင်ကျေးရွာတွင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား ထောက်ပံ့ပေးရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တတိယ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) (၃) လစာအတွက် ကျေးရွာအုပ်စု (၄၄) အုပ်စုရှိ အသက် (၈၅) နှစ်နှင့်အထက် အဘိုး/အဘွား (၈၀၁) ဦးအတွက် ငွေ (၂၄၀၃၀၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)