ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ဖြင့် တွေ့ဆုံခြင်းနှင့် Super Sun-41 နေကြာဆီ ကြိတ်ခွဲခြင်းအား ကြည့်ရှု

ကြံခင်း မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့သည် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ဝင်များဖြင့် တွေ့ဆုံခြင်းနှင့် Super San-41 နေကြာဆီကြိတ်ခွဲခြင်းအားယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများနှင့် နေကြာဆီကြိတ်ခွဲစက်များသို့ သွားရောက်တွေ့ဆုံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲကျင်းပရာ စာစစ်ဌာနများဖြစ်သော (အ.ထ.က - ၁)ကျောင်း၊ အောင်ကျော်ခန်းမနှင့် (အ. ထ.က) ဘက်ရဲကျောင်း၊ တေဇခန်းမတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် တာဝန်ရှိသူများက မတ်လ (၁၁) ရက်နေ့တွင် နိုင်ငံတစ်ဝန်း တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပမည်ဖြစ်ရာ ကျောင်းသား/သူများ အေးချမ်းအဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ကြီးကြပ်ရေးအဖွဲ့၏ အခက်အခဲလိုအပ်ချက်များနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဆရာကြီး၊ ဆရာမကြီးများက တက္ကသိုလ်ဝင်စာမေးပွဲကျင်းပပေးမည့် စာစစ်ဌာနများတွင် စီစဉ်ဆောင်ရွက် ထားရှိခြင်းနှင့်ပတ်သက်၍ လိုအပ်ချက်အခက်အခဲများအား တင်ပြဆွေးနွေးကြရာ တာဝန်ရှိသူ များက ပေါင်းစပ်ပေးခဲ့ပြီးနောက်  စာစစ်ဌာများတွင် အခန်းပြင်ဆင်ထားရှိခြင်း၊ စာဖြေခုံများ ခိုင်ခန့်မှုရှိရေး၊ စာဖြေခန်းတွင်း ဝါယာလျှော့မဖြစ်စေရေး၊ (DCP) မီးသတ်ဆေးဗူးများ စနစ်တကျလွယ်ကူစွာထားရှိရေး၊ ရေသိုလှောင်ကန်၊ မီးချိတ်၊ မီးကပ်နှင့် သဲအိတ်များ ပြင်ဆင်ထားရှိခြင်းအား ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့သည် ဘက်ရဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ၊ ယင်းမာဆီစက်တွင် Super Sun-41 နေကြာဆီကြိတ်ခွဲထုတ်လုပ်ခြင်း အဆင့်ဆင့်အားကြည့်ရှုကာ နေကြာတစ်တင်းလျှင် နေကြာဆီ၊ ထွက်ရှိနှုန်းနှင့် နေကြာဆီဈေးနှုန်းများအား မေးမြန်းပြီး ဆီလာရောက်ကြိတ်ခွဲသော နေကြာစိုက်တောင်သူများဖြင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)