ဒေးဒရဲမြိုနယ် (၂၆)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး (မြို့နယ်အဆင့်) လူရွေးချယ်ပွဲနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး တွေ့ဆုံဆွေးနွေး
Aug 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းက ကျောင်းသား၊ ကျောင်းသူများ မြန်မာ့ယဥ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးတန်ဖိုးထားတတ် စေရန် ကျင်းပမည့် (၂၆)ကြိမ်မြောက် ဆို၊က၊ ရေး၊ တီး (မြို့နယ်အဆင့်) လူရွေးချယ်ပွဲနှင့် အခြေခံပညာကျောင်းများတွင် သင်ကြားမှုနည်းစနစ်များ ပိုမိုတိုးတက်လာစေရေး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အခြေခံပညာ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။