သတင်းများ

သက်ကြီးရွယ်အိုများအားလုံး ဂုဏ်သိက္ခာရှိရှိနှင့်ကျန်းမာပြီး လုံခြုံစိတ်ချရသည့်ဘဝမျိုးဖြင့်လျှောက်လှမ်းနိုင်ရေး ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိ
Aug 19,2025
တနင်္သာရီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း က ထားဝယ်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က သက်ကြီးရွယ်အိုများအားလုံး ဂုဏ်သိက္ခာရှိရှိနှင့် ကျန်းမာပြီး လုံခြုံစိတ်ချရသည့်ဘဝမျိုးဖြင့် လျှောက်လှမ်းနိုင်ရေး၊ တက်ကြွ၍ကျန်းမာသော သက်ကြီးရွယ်အိုဘဝဖြစ်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်စစ်ဆေး
Aug 19,2025
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည်  တနင်္သာရီ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့်အတူ ဆန်းချီရပ်ရှိ  တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ဩဂုတ် ၁၈ ရက် မွန်းလွဲ ၁ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှု၊ ရိုင်းပင်းကူညီမှုနှင့် စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ဖြင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်
Aug 19,2025
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်အတူ   ယနေ့ နံနက် (၁၀)နာရီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသားလူမျိုးစု ညီအစ်ကိုမောင်နှမများအားလုံးသည် အငြင်းပွားမှုများမဖြစ်စေရန် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှု၊ ရိုင်းပင်းကူညီမှုနှင့် စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ဖြင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်နိုင်ရန် တိုင်းရင်းသားများစည်းလုံးညီညွတ်စွာပူးပေါင်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း မှာကြားသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဘင်ခရာများတီးခတ်မှု စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်
Aug 19,2025
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားဘင်ခရာများတီးခတ်မှု စွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား ကိုယနေ့နံနက် ၈ နာရီ က ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပထမဆုရရှိသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဘင်ခရာအဖွဲ့ကို တံခွန်စိုက်ဆုဖလားနှင့် ဆုကြေးငွေများပေးအပ် ချီးမြှင့်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ်  ကျောက်ပန်းတောင်းမြို့နယ် စပါးစိုက်တောင်သူများအတွက် မျိုးစေ့ချကိရိယာနှင့် ဓာတ်မြေဩဇာများပေးအပ်
Aug 19,2025
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များသည် ဩဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ က ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက် ထားသည့် ပဲစဉ်းငုံစိုက်ခင်းများအားကြည့်ရှုအားပေးကာ စပါးစိုက်တောင်သူများအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)နှင့် ဓာတ်မြေဩဇာပေးအပ်ပွဲသို့ တက်ရောက်သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ကယန်းသာယာဓာတ်အားခွဲရုံ ဓာတ်အားဖြန့်ဖြူးနိုင်ရေး စက်များစမ်းသပ်ဆောင်ရွက်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး
Aug 19,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကယန်းသာယာဓာတ်အားခွဲရုံ ပြုပြင်ပြီးစီးမှုအခြေအနေများ၊ ပဒါးညေးကန်ရေသွယ်မြောင်း ပြုပြင်တည်ဆောက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေးအစီအစဉ်အရ သွားကျန်းမာရေးစစ်ဆေးကုသပေး
Aug 19,2025
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေးအစီအစဉ်အရ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးကို စစ်ဆေးကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း (ရွှေဥဩ)၌ သွားကျန်းမာရေးနှင့်ပတ်သက်၍ စစ်ဆေးကုသပေးခဲ့သည်။
ရေးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် အစမ်းလေ့ကျင့်သရုပ်ပြမဲပေးနေမှု တာဝန်ရှိသူများ ကြည့်ရှုအားပေး
Aug 19,2025
၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲပေးရာတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း အစမ်းလေ့ကျင့်သရုပ်ပြမှုကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။