သတင်းများ

ဘုတ်ပြင်းမြို့၌  သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ
Aug 19,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်သိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ အ-မ-က-၃၅၈ ကျောင်း၌ ပြုလုပ်ခဲ့သည်။
ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်အတွင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုင်းလပ်မြို့ အခြေခံပညာမူလတန်းကျောင်း(နမ့်ဖျန်)၌ စာဖတ်ရှိန်မြှင်တင်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Aug 19,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ် (၂)နာရီက အခြေခံပညာမူလတန်းကျောင်း(နမ့်ဖျန်)၌  ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး ငလျင်ဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Aug 19,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းတောင်ရိုးရှိ ပတ္တမြားစေတီ ရှင်းလင်းရေးလုပ်ငန်များ ဆောင်ရွက်ပြီးစီးမှု၊ ဥမင်ကိုးဆယ်စေတီတော်မြတ်ကြီးနှင့် ဇရပ်၊ တန်ဆောင်း၊ ဂူကျောင်းများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပြီးစီမှု၊ ဥမင်ကိုးဆယ်စေတီတော်မြတ်ကြီးရင်ပြင်ရှိ သောက်သုံးရေကန်ပြန်လည်ပြုပြင်ပြီးစီး၍ သောက်သုံးရေရရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြော
Aug 19,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အလည်ကျွန်းကျေးရွာအုပ်စု၊ အလည်ကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြော ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း စာသင်ဆောင်တွင် ကျင်းပခဲ့သည်။
အိမ်မဲမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်အတိုင်း ရောင်းချခြင်း ရှိ၊ မရှိ FDA မှ ရှောင်တခင်စစ်ဆေး
Aug 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ စျေးကွက်တွင် ရောင်းချလျက်ရှိသော ဆေးအရောင်းဆိုင်များအား သတ်မှတ်စည်းမျဉ်စည်းကမ်းချက်များနှင့် ညီ/မညီ ကျန်းမာရေးဝန်ကြီး ဌာနက သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လက်ထောက်ဆရာဝန်(သစ်လွင်)ကြိုဆိုပွဲအခမ်းအနား တက်ရောက်
Aug 19,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် လက်ထောက်ဆရာဝန်(သစ်လွင်)ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကန့်ဘလူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီ ပဲစင်းငုံသီးနှံ လျာထားဧကထက် ခုနှစ်ထောင်ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့
Aug 19,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ပြည်သူများသည် မိသားစုစီးပွားရေးလုပ်ငန်းအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကထားစိုက်ပျိုးထုတ်လုပ်သော ဒေသတစ်ခုဖြစ်သည့်အလျှောက် ရာသီအလိုက် စိုက်ပျိုးသီးနှံများကို စိုက်ပျိုးထုတ်လုပ်ကြလျက်ရှိရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ကန့်ဘလူမြို့နယ်၌ ပဲမျိုးစုံစိုက်ပျိုးသည့်အနက် ပဲစင်းငုံဧက ၁၁၅၆၆၀ လျာထားပြီး မေ၊ဇွန်လတို့က စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ ၁၂၃၃၆၆ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။