သတင်းများ

ကျောက်ဖြူမြို့၌ တောင်သူပညာပေး ကွင်းသရုပ်ပြကျင်းပ
May 14,2026
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးများအချိန်မီ စိုက်ပျိုးပြီးစီးနိုင်ရေးနှင့်တစ်ဧကပန်းတိုင်အထွက်နှုန်းများ ရရှိနိုင်ရန်ရည်ရွယ်၍ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ဂုံးချွိန်ကျေးရွာအုပ်စု၊ လယ်ဒါပြင်ကျေးရွာ၊ ကွင်းအမှတ်(၄၅၁) နေရာတွင် ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း မိုးရာသီတွင် သစ်ပင်စိုက်ပွဲတော်များနှင့် ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုး‌ရန်အတွက် ပျိုးပင်များပြုစုပျိုးထောင်ထား
May 14,2026
မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် သစ်ပင်စိုက်ပွဲတော်များ၌ စိုက်ပျိုးရန်နှင့် ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုး‌ရန်အတွက် ပျိုးဉယျာဉ်များ၌ ပြုစုပျိုးထောင်ထားရှိသည့် လူထုဖြန့်ပျိုးပင်များ ရှင်သန်ဖြစ်ထွန်းမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး မြန်မာနိုင်ငံဆိုင်ရာ UNHCR ဌာနေကိုယ်စားလှယ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ အခြေခံပညာအထက်တန်းကျောင်းများ သန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်ဆေး
May 14,2026
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ UNHCR ဌာနေ ကိုယ်စားလှယ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံပြီး အခြေခံပညာအထက်တန်းကျောင်းများ သန့်ရှင်းသာယာ လှပရေး၊  ရေစီးရေလာကောင်းမွန်းရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ချမ်းမြသာစည်မြို့နယ်၌ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ရပ်ကွက်နေပြည်သူများအား ဆန်ထောက်ပံ့ပေးအပ်
May 14,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ရပ်ကွက်နေပြည်သူများအား ဆန်ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။
မြင်းခြံမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် တိရစ္ဆာန်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံ
May 14,2026
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ယနေ့ နံနက်ပိုင်းမှစတင်၍ တိရစ္ဆာန်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်၌ အခွန်ဆိုင်ရာသိကောင်းစရာ ဟောပြောပွဲကျင်းပ
May 14,2026
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၌ အခွန်ဆိုင်ရာသိကောင်းစရာ ရှင်းလင်းဟောပြောပွဲကို မေ ၁၄ ရက်က နံနက်ပိုင်းက မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၌ ကျင်းပသည်။
ကျောက်ဆည်မြို့နယ်၌ နွေစပါးသီးနှံ ပန်းတိုင်ထွက်နှုန်းရရှိရေး အသိပညာပေးသင်တန်းဖွင့်
May 14,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ နွေစပါးသီးနှံပန်းတိုင်ထွက်နှုန်းရရှိရေး အသိပညာပေးသင်တန်းကို တောင်နောက်ကျေးရွာအုပ်စု၊ မင်းရဲနည်းပညာပြန့်ပွားရေးစင်တာတွင် ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ကော့သောင်းမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာရှိ တောင်သူများအတွက် (မျိုးစေ့ချကိရိယာ)ပေးအပ်
May 14,2026
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့်  မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကျေးရွာရှိ တောင်သူများအတွက် Seeder (မျိုးစေ့ချကိရိယာ) ပေးအပ်ခြင်းအခမ်းအနားကို ရွှေပြည်စိုးကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာတွင် မေ(၁၄)ရက် နံနက်ပိုင်းကျင်းပသည်။