ဘုတ်ပြင်း မေ ၁၄
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မူလတန်းအဆင့်သင်ဆရာ၊ ဆရာမများ စနစ်သစ်သင်ကြားနည်းနှင့်ထိရောက်စွာ အသုံးပြုသင်ကြားနိုင်ရန်၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးတွင် ထိရောက်အသုံးပြုနိုင်ရန်၊ ကလေးငယ်များ၏ ဉာဏ်ပညာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ချဉ်းကပ်ရမည်နည်းလမ်းများ လုပ်ငန်းစဉ်များ တွင်ကျယ်စွာအသုံးချနိုင်စေရန်နှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုမြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်က အထက(ဘုတ်ပြင်း)ကျောင်း၌ ကျင်းပသည်။
ဆွေးနွေးပွဲကို ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၄၀)၊ ကိုယ်ပိုင်ကျောင်း (၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၅)ကျောင်းတို့မှ မူလတန်းအဆင့်သင် ဆရာ/ဆရာမ စုစုပေါင်း (၅၂)ဦး၊လေ့လာသူ(၈) တက်ရောက်လျက် ရှိပြီး သင်တန်းနည်းပြ(၃)ဦး ဖြင့် မေ၁၄ရက်မှ ၂၄ ရက်အထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)