ပလောက် မေ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် သင်ရိုးသစ် သူငယ်တန်း (KG) မှ Grade-11 အထိ နှစ်ဆုံးစစ်ဆေးမှု အောင်စာရင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင် တစ်ပြိုင်တည်း ကပ်ထားကြေညာပေးလျက်ရှိသည်။
ထိုသို့ အောင်စာရင်းများထုတ်ပြန်ကြေညာရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ ကြည့်ရှုနိုင်ရေးအတွက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများက စနစ်တကျစီစဉ်ဆောင်ရွက်ပေးထားလျက်ရှိသည်။ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစစ်ဆေးမှုရလဒ်များကို ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုကြရာ အောင်မြင်သူစာရင်းတွင် ပါဝင်သူများအား ဆရာ၊ ဆရာမများက နောက်တစ်ဆင့်တက်လှမ်းရမည့် အတန်းများအတွက် လိုအပ်သည့်လမ်းညွှန်မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ပလောက် (ပြန်/ဆက်)