သတင်းများ

ဒလမြို့နယ်၌ မှုခင်းကျဆင်းရေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟော‌ပြောပွဲကျင်းပ
May 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ မှုခင်းကျဆင်းရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟော‌ပြောပွဲကို ယမန်နေ့ ညနေပိုင်းက စက်မြေရပ်ကွက်၊ ရာဇသင်္ကြန်ကမ်းနားလမ်း၊ သမ္ဗာန်ဆိပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ဟိန်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
May 15,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက် (၆) နာရီက စတင်ထုတ်ပြန်ထားကြောင်း သိရသည်။
သဲကုန်းမြို့အတွင်းရှိ ဈေးဆိုင်၊ ကုန်စုံဆိုင်များ၊ ဆေးဆိုင်နှင့်အလှကုန်ဆိုင်များ၌ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေး
May 15,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ရောင်းချလျက်ရှိသည့် ဈေးဆိုင်/ကုန်စုံဆိုင်များ၊ ဆေးဆိုင်နှင့်အလှကုန်ဆိုင်များအား တာဝန်ရှိသူများမှ ယမန်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
စမ်းချောင်းမြို့နယ်အတွင်းရှိ‌ဈေးများ၊ ဈေးပိတ်ချိန် မီးဘေးလုံခြုံရေးစစ်ဆေး
May 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိဈေးများ ဈေးပိတ်ချိန် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
မိုးညိုမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုး‌ရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်
May 15,2026
ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်ရှိ အ.လ.က(ခြံကြီးစု)ကျောင်း၌ KG နှင့် Grade - 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်ဆွေးနွေးပွဲကို မေ ၁၄ ရက် နံနက်ပိုင်းက စတင်ပြုလုပ်ခဲ့သည်။
ကမာရွတ်မြို့နယ်တွင် လူကုန်ကူးမှုတာဆီးကာကွယ်ရေးနှင့် လိမ်လည်မှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
May 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ကမာရွတ်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်က၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ သံလွင်လမ်း၊ အမျိုးသမီး သင်တန်း‌ကျောင်းတွင် ရက်(၁၀၀)စီမံချက်ဖြင့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လူကုန်ကူးမှုတာဆီးကာကွယ်‌ရေးနှင့် online လိမ်လည်မှု အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
မှော်ဘီမြို့နယ်လူထုအခြေပြုဗဟိုဌာနCommunityCentreခန်းမ၌ စာပေချစ်မြတ်နိုးသူ လူငယ်များ စာဖတ်ဝိုင်းနှင့်ပြပွဲပြိုင်ပွဲများ ကျင်းပ
May 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်​နေ့  နံနက်ပိုင်းအချိန်က စာပေချစ်မြတ်နိုးသူ Book Clup အသင်းဝင်လူငယ်များနှင့် စာရေးဆရာနတ်ရှင်ရွှေဂူ ရေးသားသော "အနာဂတ်ကိုမျှော်တွေးပါ" စာအုပ်နှင့်စာဖတ်ဝိုင်းနှင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်ပြပွဲများ ကျင်းပခဲ့သည်။
ဥပဒေမူကြမ်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် ဥပဒေရေးရာအဖြာဖြာနှင့်လွှတ်တော် ဟောပြောပွဲ သင်တန်းဆင်းပွဲကျင်းပ
May 15,2026
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေးအစီအစဉ် ဥပဒေမူကြမ်း ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် ဥပဒေရေးရာအဖြာဖြာနှင့်လွှတ်တော် ဟောပြောပွဲ သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုလဲခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ဟောပြောဆွေးနွေးခဲ့သည့် ဆရာကြီး၊ ဆရာမကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး အကြီးအမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။