ဘုတ်ပြင်း မေ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးရေးဦးစီးဌာန မှ ကော်ဖီ၊ ကိုကိုး၊ဒူးရင်းပျိုးပင်နှင့် Seedar (မျိုးစေ့ချကိရိယာ)ပေးအပ်ခြင်းကို မေ(၁၄)ရက် မွန်းလွဲ(၂)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။
ပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လင်းလှိုင်က အမှာစကားပြောကြားသည်။ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးညွှန့်ဝင်းက ပျိုးပင်နှင့် မျိုးစေ့ချကိရိယာပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဉယျာဉ်ခြံစိုက်တောင်သူများအား ပျိုးပင်များနှင့် Seedar (မျိုးစေ့ချကိရိယာ)များကို ပေးအပ်သည်။
စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်လည်း တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မာလာစေရေး၊ အရည်အသွေးကောင်း၊ မျိုးကောင်း မျိုသန့်များ စိုက်ပျိုးလာစေရန်၊ ဥယျာဉ် ခြံသီးနှံများတိုးချဲ့ စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးတက်ပြီး လူနေမှုအဆင့်တန်းမြင့်မားလာစေရန်၊ ကော်ဖီနှင့်အခြားဥယျာဉ်ခြံစိုက်ပျိုးသီးနှံများ စိုက်ပျိုးရေးရည်မှန်းချက်များ ပြည့်မီစွာစိုက်ပျိုးနိုင်မည်ဖြစ်သည်။
မြို့နယ်( ပြန်/ဆက်)