ပြည်ကြီးမဏ္ဍိုင် မေ ၁၄
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ ဒေသခံပြည်သူများ DYL အသားတိုးဝက်အား တစ်နိုင်တစ်ပိုင် အဖြစ်လည်ကောင်း၊ စီးပွားဖြစ်လည်ကောင်း မွေးမြူလျက်ရှိသည်။
ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာအနောက်ရပ်ကွက်နေ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက DYL အသား တိုးဝက်မွေးမြူရာတွင် ဝက်သားပေါက်မှစ၍ ဝယ်ယူမွေးမြူရာ တစ်ကောင်လျှင် ကျပ် ၃၀၀၀၀၀ ဝယ်ယူရကြောင်း၊ ဝက်ကြီးအတွက် အစာအားတစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀ နှင့် ဝက်ငယ်အတွက်အစာအား တစ်အိတ်လျှင် ကျပ် ၉၀၀၀၀ ဖြင့် ဝယ်ယူရရှိပြီး၊ ဝက်စာ၊ ဖွဲ၊ ဆန်ကွဲတို့အားရော၍ တစ်ရက်လျှင်ဝက်ကြီးတစ်ကောင် (၂)ပိဿာ၊ ဝက်အလတ်တစ်ကောင်လျှင် (၁)ပိဿာ(၅၀)နှင့် ဝက်ငယ်တစ်ကောင်လျှင် (၁)ပိဿာကျွေးမွေးရကြောင်း၊ ဝက်များကို ပိုးမွှားအန္တရာယ်မကျ ရောက်စေရန်အတွက် စနစ်တကျ ကျွေးမွေးပြုစု မွေးမြူရကြောင်း ဝက်သား(၁) ပိဿာလျှင် ကျပ် ၃၂၀၀၀ ရရှိကြောင်း လေညာအနောက်ရပ်ကွက် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)