သတင်းများ

မိုးကောင်းမြို့နယ်တွင် စားသုံးဆီဖူလုံမှုရှိစေရေး ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ထားခြင်းရှိမရှိ ခရိုင်အဆင့်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Sep 15,2025
ကချင်ပြည်နယ် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုးကောင်းမြို့နယ်တွင် စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဖွံ့ဖြိုးရေးချေးငွေဖြင့်ရယူထားသည့် ဆီစက်လုပ်ငန်းရှင်များ အမှန်တကယ် လုပ်ငန်းလည်ပတ်ထားခြင်းရှိမရှိ ခရိုင်အဆင့်တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Sep 15,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ပိုင်ကျုံကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
Sep 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၁၁)ရပ်ကွက်၊ ရွှေလယ်တောဗိမ္မာန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြို့ပင်ကောက်မြို့တွင် အောင်နိုင်တိုးမိုးစပါးစံကွက် ရိတ်သိမ်းရာ တစ်ဧက ၁၃၆ နှုန်း ထွက်ရှိ
Sep 15,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အောင်နိုင်တိုးမိုးစပါးစံကွက် ရိတ်သိမ်းပွဲကို လက်ပံပင်စုကျေးရွာအုပ်စု တမံဆည်ကျေးရွာမှ တောင်သူ ဦးခင်ဇော်၏ မိုးစပါး ၅ ဧက စိုက်ခင်းတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Sep 15,2025
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း အသိပညာပေးရှင်းလင်းခြင်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြမဲပေးခြင်းကို တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နှစ်ပိုင်းခွဲကာ (၇၁) ရပ်ကွက် သန္တိသုခဓမ္မာရုံနှင့် (၇၂) ရပ်ကွက် သဟပုညကာရီဓမ္မာရုံတို့တွင် ဆောင်ရွက်ကြသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ပြည်သူများသို့ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်
Sep 15,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၌ စက်တင်ဘာ ၁၅ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပြည်ကြီးမာန်အောင်ဓမ္မာရုံနှင့် ရန်ကင်းဓမ္မာရုံတို့တွင် ရပ်ကွက်နေပြည်သူများသို့ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
Sep 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့နှင့်ပူးပေါင်း၍ စာပေကိုမြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
ငရုတ်ကောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများအား ဆောင်ရွက်ပေး
Sep 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများအား ယနေ့နံနက်ပိုင်းက နံ့သာပုကျေးရွာခွဲ(အ.ထ.က)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။