မိုင်းယု မတ် ၁၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အလှူရှင်များစုပေါင်းလှူဒါန်းမှုဖြင့် မြို့မရပ်ကွက်ရှိ ကြွမ်းတောင်းဘုန်းကြီးကျောင်းအဝင်လမ်း ပေ ၇၀၀ ကွန်ကရစ်ခင်းကျင်းခြင်းကို ယနေ့နံနက်ပိုင်းက ကိုယ်ထူကိုယ်ထခင်းကျင်းလျက်ရှိကြသည်။
အဆိုပါ ဘုန်းကြီးကျောင်းအဝင်လမ်းအရှည်မှာ ပေ ၇၀၀၊ ထု ၆ လက်မ၊ အကျယ် ၁၂ ပေရှိကာ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှ တပ်မှူး ဗိုလ်မှူး လုတ်ချာဦးဆောင်သည့် တပ်မတော်သားများ၊ မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးလောထွေးဦးဆောင်သည့် ဌာနဆိုင်ရာအဖွဲ့များ၊ မြို့မရပ်ကွက်နှင့် ဒေါင်နေကျေးရွာပြည်သူများမှ လုပ်အားဒါနများပါဝင်ကာ ကိုယ်ထူကိုယ်ထခင်းကျင်းနေ လျက်ရှိကြသည်။
ယင်း ကိုယ်ထူကိုယ်ထဘုန်းကြီးကျောင်းအဝင်လမ်းအတွက် ခင်းကျင်းရာတွင် ကုန်ကျမည့် ဘိလပ်မြေအိတ် ၄၀၀ အတွက် အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှ ၂၆၉ အိတ်၊ ဌာနဆိုင်ရာများမှ ၁၃၁ အိတ် စုစုပေါင်း ဘိလပ်မြေအိတ် ၄၀၀ကို စုပေါင်းကာ လှူဒါန်းပေးခဲ့ကြပြီး ထပ်မံ၍ အမှတ် ၁၀၀၈ နယ်ခြားတပ်ရင်းမှတပ်မှူး ဗိုလ်မှူး လုတ်ချာဦးဆောင်သည့် တပ်မတော်သားများ၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာအဖွဲ့များ၊ မြို့မရပ်ကွက်နှင့် ဒေါင်နေကျေး ရွာပြည်သူများမှ လုပ်အားဒါနများပါဝင်ကုသိုလ်ယူခဲ့ ကြကြောင်း သိရသည်။
ကိုကိုနိုင်