ကြံခင်း မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မျိုးဆက်သစ်အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်၊ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် လူငယ်၊ လူရွယ်များအားကစားစိတ်ဓာတ်မြင့်မားပြီး ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်ကာ မတ်လ(၅)ရက်နေ့မှစတင်၍ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း နွေရာသီအခြေခံအားကစားသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေးနှင့် တာဝန်ရှိသူများ၊ အားကစားနည်းအလိုက် သင်တန်းနည်းပြဆရာကြီးများက အခြေခံအားကစားနည်း(၅)မျိုးဖြင့် ဖွင့်လှစ်သင်ကြားပေးရာ အမျိုးသား/အမျိုးသမီးအခြေခံဘောလုံးသင်တန်းတွင် သင်တန်းသား(၅၀)ဦး၊ ကရာတေးသင်တန်းတွင် သင်တန်းသား(၅၀)ဦး၊ မြန်မာ့ရိုးရာခြင်းလုံးသင်တန်းတွင် သင်တန်းသား(၂၀)ဦး၊ ပြေးခုန်ပစ်သင်တန်းတွင် သင်တန်းသား(၁၅)ဦးနှင့် Fitness Dance သင်တန်းတွင် သင်တန်းသား(၂၀)ဦးတို့ တက်ရောက်သင်ယူကြကြောင်းနှင့် အဆိုပါသင်တန်းများကို မြို့နယ်ပြည်သူ့အားကစားကွင်း၊ အားကစားခန်းမနှင့် အာဇာနည်ကျောက်တိုင်ကွင်းတို့တွင် ညနေ(၄)နာရီမှ (၆)နာရီထိ နေရာသတ်မှတ်သင်ကြားပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)