မိတ္ထီလာ မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ခင်လူးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ၏ ၅၀ရာခိုင်နှုန်းဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား မတ် ၈ရက် နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ဖြင့် ခင်လူကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူများအား ထုတ်ချေးပေးခဲ့ပြီး ၎င်းမြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ၏ အတိုးရငွေဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းအဖွဲ့၏ ဦးဆောင်မှုဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၁၃သန်းနှင့် ကျေးရွာသူကျေးရွာသားများ ထည့်ဝင်ငွေ ငွေကျပ် ၂ သန်း တို့ဖြင့် ဇန်နဝါရီလ ပထမပတ်မှ စတင်၍ ကျေးရွာတွင်းလမ်းအား အရှည် ပေ ၅၉၀၊ အကျယ် ၁၂ ပေ၊ ထု ၆လက်မ ရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ယင်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးဖြစ်သည်။
အဆိုပါ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေအား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)