တနင်္သာရီ မတ် ၁၀
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် အာဏာတည်ခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ မိဘပြည်သူများ သတင်းအမှန်များကို ကောင်းစွာသိရှိကြစေရန်ရည်ရွယ်၍ မြို့နယ်အုပ် ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသတင်းစကား လက်ကမ်းစာ စောင်များကို မတ်လ ၉ ရက်နေ့ နံနက်၇နာရီ အချိန် က ပြည်သူလူထုထံ အသိပညာပေး ဖြန့်ဝေပေးကြောင်း သိရသည်။
၎င်းလက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲ တပ်ဖွဲ့ဝင်မျာ၊မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စည်ပင်သာယာ ရေးအဖွဲ့တို့ပူးပေါင်း၍ အောင်မင်္ဂလာဈေး(၂)၊ ယာယီတိုးချဲ့ဈေး၊ လူစည်ကားရာရွှေလိပ်ပြလမ်း ဆုံနှင့်တနင်္သာရီ တံတားဂိတ်နေရာတို့တွင် ဈေးရောင်း/ဝယ်သူများ၊ ခရီးသွားပြည်သူများအား ပညာပေးဖြန့်ဝေပေးခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင်ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ အမျိုးသားရေးတာဝန်/ ဗိုလ်ချုပ် အောင်ဆန်း (၁၃-၇-၁၉၄၇)နေ့တွင် ပြောကြားသည့်မိန့်ခွန်းကောက်နှုတ်ချက်/ စစ်မှုထမ်းရမည့် အသက်အရွယ်/ပြည်သူ့စစ်မှုထမ်းရန်ကာလ/ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ ဖော်ပြပါရှိသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)