မိုင်းယောင်း မတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တောမီးရှို့ခြင်း၊ ငါးရှော့တိုက်ခြင်းများ မပြုလုပ်ရန် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ဝမ်တပ်အုပ်စု ဝမ်ကျူးကျေးရွာနှင့် ဝမ်ကောင်းအုပ်စု ဝမ်ယွတ်ကျေးရွာတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး ဦးဆောင်သည့် တောမီးရှို့ခြင်းများ မပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ဖုံးလွမ်းသည့် ကိစ္စရပ်များ မဖြစ်ပေါ်စေရေး ကွင်းဆင်းစိစစ်ရေး အဖွဲ့ (၂) က ဝမ်တပ်အုပ်စု ဝမ်ကျူးကျေးရွာ၌လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်း ဦးဆောင်သည့် မီးခိုးမြူငွေ့ဖုံးလွမ်းသည့် ကိစ္စရပ်များ မဖြစ်ပေါ်စေရေး ကွင်းဆင်းစိစစ်ရေးအဖွဲ့(၃)က ဝမ်ကောင်းအုပ်စု ဝမ်ယွတ်ကျေးရွာ၌လည်းကောင်း ဒေသခံပြည်သူများအား တောင်ယာခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်ယာမီးရှို့ခြင်း၊ တောမီးရှို့ခြင်းနှင့် ငါးရှော့တိုက်ခြင်းများ မပြုလုပ်စေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး မီးတားလမ်းကို အကျယ် ၁၆ ပေ ပြုလုပ်ထားရှိရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သိကောင်းစရာများကို ဟောပြောပွဲခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း