လဲချားတွင် အားကစားအသိပညာပေး ဟောပြောပွဲ ပြုလုပ်

လဲချား မတ် ၉

အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ (၂) နာရီအချိန်တွင် လဲချားမြို့နယ် သီရိဟံသာခန်းမတွင် အားကစားအသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်အားကစားမှူး ဦးထိန်လင်းမှ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်သော ကျောင်းသား/သူများ ဖြစ်စေရန်၊ ကျောင်းပညာရေးတွင် သာမက ဘက်စုံထူးချွန်သော ကျောင်းသား/သူများ ဖြစ်ထွန်းလာစေရန်အတွက် နွေရာသီကျောင်းပိတ်ရက်အတွင်း အားကစားသင်တန်းများ တက်ရောက်ကြရန်၊ အားကစား ဆောင်ရွက်ခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)