သတင်းများ

ဟုမ္မလင်းမြို့၌ အခြေခံစက်ချုပ်သင်တန်းအမှတ်စဥ်(၇/၂၀၂၄) ဆင်းပွဲကျင်းပ
Mar 11,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးကလေးအလုပ် ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သက်တန်း အမှတ်စဥ်(၇/၂၀၂၄)ဆင်းပွဲကို မတ်(၁၁)ရက်၊ နံနက်(၁ဝ)နာရီက ဟုမ္မလင်းမြို့၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ​ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စတင်ဖြေဆို
Mar 11,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခု၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ယနေ့နံနက် (၉) နာရီတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြသည်။
ကြံခင်းမြို့တွင် (၁၆၈)နှစ်ရှိ ရှေးဟောင်းသမိုင်းဝင် သန္တိသုခစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓါဘိ‌သေက အနေကဇာ တင်လှူပွဲကျင်းပ
Mar 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ဂိုဏ်းထောက် ကျောင်းတိုက်ပဓာနနာယကဆရာတော်ဘုရားကြီး သာသနဓဇဓမ္မာစရိယ၊ ဘဒ္ဒန္တစန္ဒောဘာသ၏ ဩဝါဒကို ဦးထိပ်ပန်ဆင်၍၊ တိုက်အုပ်ဆရာတော်ဘဒ္ဒန္တကုသလ၏ ဦးဆောင်မှုဖြင့်၊ ကြံခင်းမြို့ ဗိုလ်ချုပ်လမ်း ငါးသုံးလုံးမုန့်တိုက်မိသားစု ကောင်းမှုကုသိုလ်အဖြစ်‌ နှစ်ပေါင်း(၁၆၈)နှစ်ရှိပြီးဖြစ်သော ရှေးဟောင်းသမိုင်းဝင်‌သန္တိသုခစေတီမြတ်ကြီးအား ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ထားကိုးကွယ်၍ ရတနာစိန်ဖူးတော်နှင့် ရွှေထီးတော်တင်လှူခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ဂိုဏ်းထောက် ကျောင်းတိုက်၊ ပရဝုဏ်အတွင်းကျင်းပခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်တောင်စုအဆင့် ဒုတိယဝန်ကြီးမှ အင်ဂျင်ပါဝါသုံး(၆)တန်းသွား လက်စွဲကောက်စိုက်စက်ဖြင့် နွေစပါးစမ်းသပ်စိုက်ပျိုးခြင်းကို တက်ရောက်ကြည့်ရှုအားပေး
Mar 11,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်အဆင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသွေးတိုက်ကျေးရွာသို့ မြစ်ရေတင်ရေသောက်ဧရိယာအတွင်း အင်ဂျင်ပါဝါသုံး (၆)တန်းသွားလက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစမ်းသပ်စိုက်ပျိုးခြင်းကို တာဝန်ရှိသူများနှင့် အတူတက်ရောက် ကြည့်ရှုအားပေးကြကြောင်း သိရသည်။
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယဉ်ကျေးလိမ္မာ သင်ကြားပေးလျက်ရှိ
Mar 11,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ယဉ်ကျေးလိမ္မာပရဟိတနည်းပြဆရာမ ဒေါ်မော်မော်ဌေးတို့ပူးပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီအချိန်၌ လူငယ်လူရွယ်များအား ယဉ်ကျေးလိမ္မာသင်ကြားပေးလျက်ရှိသည်။
မိုင်းရယ်မြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်(ပထမနေ့)ကို စတင်ဖြေဆို
Mar 11,2024
အခြေခံပညာဦးစီးဌာန၊ ၂၀၂၄ ခုနှစ် မိုင်းရယ်မြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့  မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 11,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထက (ဆင်ပေါင်ဝဲ) စာစစ်ဌာန တွင် ၂၀၂၄-ခုနှစ်၊ တက္ကသိုလ်ဝင်စာ‌မေးပွဲ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိရာ ဆင်ပေါင်ဝဲ မြို့နယ် အ-ထ-က (ဆင်ပေါင်ဝဲ) စာစစ်ဌာန၊ အ-ထ-က (ချောင်းကောက်) စာစစ်ဌာနနှင့် အ-ထ-က (လက်ပန်) စာစစ်ဌာနသုံးခု၌ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းက အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 11,2024
မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက် နံနက် ၉ နာရီမှ စ၍ တစ်ပြိုင်တည်း စတင်ဖြေဆိုလျက်ရှိကြရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။