ဆင်ပေါင်ဝဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ဆင်ပေါင်ဝဲ မတ် ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထက (ဆင်ပေါင်ဝဲ) စာစစ်ဌာန တွင် ၂၀၂၄-ခုနှစ်၊ တက္ကသိုလ်ဝင်စာ‌မေးပွဲ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိရာ ဆင်ပေါင်ဝဲ မြို့နယ် အ-ထ-က (ဆင်ပေါင်ဝဲ) စာစစ်ဌာန၊ အ-ထ-က (ချောင်းကောက်) စာစစ်ဌာနနှင့် အ-ထ-က (လက်ပန်) စာစစ်ဌာနသုံးခု၌ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းက အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာ စာစစ်ဌာနသုံးခုတွင် ကျောင်းသား ၉၄ဦး၊ ကျောင်းသူ ၁၂၅ ဦး၊ စုစုပေါင်း ၂၁၉ ဦး စာရင်းပေးသွင်းထားပြီး မြန်မာစာဘာသာရပ်ဖြေဆိုသည့်နေ့တွင် ကျောင်းသား ၉၀ဦး၊ ကျောင်းသူ ၁၂၅ဦး၊ စုစုပေါင်း ၂၁၅ ဦး ဝင်ရောက်ဖြေဆိုကာ ဖြေဆိုသူ  ၉၈ ဒသမ ၁၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုနေချိန်တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဆူညံသံများ မဖြစ်ပေါ်စေရေး၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်များ မဖြစ်ပေါ်စေရေး စနစ်တကျကြီးကြပ်ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)