ဟုမ္မလင်းမြို့၌ အခြေခံစက်ချုပ်သင်တန်းအမှတ်စဥ်(၇/၂၀၂၄) ဆင်းပွဲကျင်းပ

ဟုမ္မလင်း မတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးကလေးအလုပ် ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သက်တန်း အမှတ်စဥ်(၇/၂၀၂၄)ဆင်းပွဲကို မတ်(၁၁)ရက်၊ နံနက်(၁ဝ)နာရီက ဟုမ္မလင်းမြို့၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ​ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ သင်တန်းသူများကိုယ်စား သင်တန်းသူ(၁)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းလက်မှတ်နှင့် သင်တန်းနည်းပြဆရာမအား ဂုဏ်ပြုချီးမြှင့်ငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်တို့က ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ မတ်လ(၁၁) ရက်နေ့အထိ တက်ရောက်ခဲ့ကြပြီး၊ သင်တန်းသူ(၂၀)တက် ရောက်ခဲ့ကြကြောင်း၊ သင်တန်းဆရာ/မများက စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပြဆရာမနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး၊ တက်​ရောက်လာသူများနှင့်အတူ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)