ကွန်ဟိန်း မတ် ၁၁
မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက် နံနက် ၉ နာရီမှ စ၍ တစ်ပြိုင်တည်း စတင်ဖြေဆိုလျက်ရှိကြရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ်တွင် စာစစ်ဌာန (၁)ခုသာရှိပြီး ဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား (၈)ဦး၊ ကျောင်းသူ (၁၉)ဦး ပေါင်း ၂၇ ဦးရှိသည့်အနက် မြန်မာစာဘာသာရပ်ကို ၂၄ ဦး ဝင်ရောက်ဖြေဆိုကြရာ ပျက်ကွက် ကျောင်းသား (၁)ဦး၊ ကျောင်းသူ (၂)ဦး စုစုပေါင်း ၃ ဦး ပျက်ကွက်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၈၈.၉ ရှိကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာမေးပွဲဖြေဆိုအောင်မြင်နိုင်ရေးအတွက် အတွင်းစည်း/အပြင်စည်းများဖြင့် ဆောင်ရွက်မှုများကို စစ်ဗျူဟာအခြေချ(ကွန်ဟိန်း)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဇော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်တာဝန်ရှိဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က စာစစ်ဌာန အနီးဝန်းကျင်၌ ဆူညံသံများ၊ အနှောင့်အယှက်များမရှိရအောင် ကြီးကြပ်ခြင်း၊ ပေါင်းစပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)