ကျိုက်ထို မတ် ၁၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခု၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ယနေ့နံနက် (၉) နာရီတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြသည်။
အဆိုပါတက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ကျိုက်ထိုမြို့ရှိ အ.ထ.က (၁)၊ အ.ထ.က (၂)၊ သိမ်ဇရပ်မြို့ရှိ အ.ထ.က (သိမ်ဇရပ်) စာစစ်ဌာနတို့၌ ဖြေဆိုရန် စာရင်းသွင်းထားသူ ကျား (၂၀၀) ဦး၊ မ (၂၉၀) ဦး၊ စုစုပေါင်း (၄၉၀) ဦးအနက် မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆိုသူ ကျား (၁၈၂) ဦး၊ မ (၂၇၉) ဦး၊ စုစုပေါင်း (၄၆၁) ဦးရှိ၍ ပျက်ကွက်သူ ကျား (၁၈) ဦး၊ မ (၁၁) ဦး စုစုပေါင်း (၂၉) ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၄.၀၈) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ယင်းသို့တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)