မိုင်းရယ် မတ် ၁၁
အခြေခံပညာဦးစီးဌာန၊ ၂၀၂၄ ခုနှစ် မိုင်းရယ်မြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျား (၇)ဦး၊ မ (၂၆)ဦး စုစုပေါင်း (၃၃)ဦး၊ ယနေ့လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၃၂ ဦး ပျက်ကွက်သူ ၁ ဦးဖြစ်ကြောင်း သိရသည်။
ကျောင်းသား/သူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင် ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အတွင်းစည်း၊ အပြင်စည်းဖြင့် စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)