သတင်းများ

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကတ္တရာထပ်ပိုးလွှာလမ်းဖွင့်ပွဲ အခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်
Mar 26,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြေခြားမြောက်-ပိန္နဲပင်-ဖောင်းတောလမ်း ကတ္တရာထပ်ပိုးလွှာလမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြေခြားမြောက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာကောင်မတီဝင်များနှင့် ကျေးရွာနေဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လားရှိုးမြို့၊ မြို့မဈေးကြီးတွင် မီး‌ဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်
Mar 26,2024
မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့ မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်မှုကို ယမန်နေ့နံနက် ၈ နာရီအချိန်က လားရှိုးမြို့မဈေးကြီးတွင် ပြုလုပ်သည်။
ပုဗ္ဗသီရိမြို့၌ ဆိတ်မွေးမြူသူများ မိသားစုစားဝတ်နေရေး တစ်ဘက်တစ်လမ်းမှ ဝင်ငွေရရှိ
Mar 26,2024
ပုဗ္ဗသီရိမြို့နယ်တွင် ကျေးလက်နေပြည်သူများ လယ်ယာလုပ်ငန်းနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူသူများ မိသားစုစားဝတ်နေရေးအတွက် တစ်ဘက်တစ်လမ်းမှ ဝင်ငွေရရှိကြောင်း ဒေသခံဆိတ်မွေးမြူသူထံမှ သိရသည်။
အောင်လံမြို့၌ မြန်မာ့မီးရထားစီမံကိန်းတွင် အောင်လံမြို့နယ်မှ ကျန်ရှိလျော့နည်း တောင်သူ(၁၅)ဦး၏ သိမ်းဆည်းလယ်ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Mar 26,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ မြန်မာ့မီးရထားစီမံကိန်းတွင် အောင်လံမြို့နယ်မှ ကျန်ရှိလျော့နည်း တောင်သူ(၁၅)ဦး၏ သိမ်းဆည်းလယ်ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း နတ်တလင်းမြို့ ပြည်သူ့ဆေးရုံ (၂) ထပ်တိုးချဲ့ ဆောင်သစ် ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့် လှစ်
Mar 26,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့၌ (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံ (၂) ထပ်တိုးချဲ့ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အောင်လံမြို့၌ အခြေခံပညာအလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ
Mar 26,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ အခြေခံပညာအလယ်တန်းဆင့်သင် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ်တွင် မြို့နယ်အဆင့် (လယ်/မူ) ဆရာ/ ဆရာမများအား ဘာသာရပ်မွမ်းမံသင်တန်းဆွေးနွေးပွဲကျင်းပ
Mar 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်စနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်တတ်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းသင် ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်းရှိ အ.ထ.က ကျောင်းနှင့် အ.မ.က (လွန်) ကျောင်းများတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားမှုအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းစစ်ဆေး
Mar 26,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် တိုင်းဒေသကြီးလျှပ်စစ်ရေးဦးစီးဌာန(EI)မှ ညွှန်ကြားထားသော မီးဘေးကာကွယ်ရေးစီမံချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ အခြေအနေများကို ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။