သတင်းများ

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ စာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၄) ဖွင့်ပွဲကျင်းပ
Mar 11,2024
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ စာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် လှိုင်မြို့နယ်ရှိ လှိုင်စင်တာ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ စာကြည့်တိုက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကဝမြို့နယ် မှ ကျောင်းသား/ကျောင်းသူ (၃၉၃)ဦး ဝင်ရောက်ဖြေဆို
Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ယနေ့နံနက် (၉)နာရီက မြန်မာစာဘာသာရပ်ကို အခြေခံပညာအထက်တန်းကျောင်း (ကဝ) စာစစ်ဌာန၌ကျောင်းသား/ကျောင်းသူ(၃၉၃ )ဦး ဝင်ရောက်ဖြေဆိုကြသည်။
နမ့်စန်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 11,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(မြန်မာစာဘာသာရပ်)ကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(နမ့်စန်) စာစစ်ဌာနနှင့် အ.ထ.က(ခိုလမ်) စာစစ်ဌာန ၂ ခုတို့၌ စတင်ဖြေဆိုခဲ့ရာ ဖြေဆိုမည့်စာရင်းရှိ ၃၅၃ ဦးတွင် လာရောက်ဖြေဆိုသူ ၃၃၄ ဦးရှိပြီး   ဖြေဆိုရန်ပျက်ကွက်သူ  ၁၉ ဦးရှိကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခုတွင် ကျောင်းသား၊သူ ၁၁၉၂ ဦးမှ ဖြေဆိုလျက်ရှိ
Mar 11,2024
တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူ ၁၁၉၂ ဦးမှ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူပေါင်း (၇၃၈) ဦး ဝင်ရောက်ဖြေဆို
Mar 11,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စာစစ်ဌာန (၃) ခုတွင် ကျင်းပခဲ့ရာ ပထမနေအဖြစ် မြန်မာစာ ဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူပေါင်း (၇၃၈) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချမ်းမြသာစည်မြို့နယ်တွင်၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ် စတင်ဖြေဆို
Mar 11,2024
၂၀၂၃-၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့ နံနက် ၉ နာရီက မြန်မာတစ်နိုင်ငံလုံး စတင်ဖြေဆိုလျက်ရှိရာ ပထမနေ့၊ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကလောမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၈၁၇)ဦး ဝင်ရောက်ဖြေဆို
Mar 11,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန ၆ ခုမှ ကျောင်းသား၊ ကျောင်းသူ (၈၄၅)ဦး စာရင်းပေးသွင်းထားပြီး (၈၁၇)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Mar 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။