ပုဗ္ဗသီရိ မတ် ၂၆
ပုဗ္ဗသီရိမြို့နယ်တွင် ကျေးလက်နေပြည်သူများ လယ်ယာလုပ်ငန်းနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူသူများ မိသားစုစားဝတ်နေရေးအတွက် တစ်ဘက်တစ်လမ်းမှ ဝင်ငွေရရှိကြောင်း ဒေသခံဆိတ်မွေးမြူသူထံမှ သိရသည်။
အဆိုပါ ဆိတ်များမွေးမြူရာတွင် ဆိတ်များကိုတော့ လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူပါတယ်၊ ဆိတ်မတစ်ကောင်လျှင် ၁၂ လမှ ၁၄ လအတွင်း အရွယ်ရောက်ရှိပြီး၊ ဆိတ်မများမှ သားမွေးရာတွင် တစ်ကောင်(သို့မဟုတ်) နှစ်ကောင် မွေးတတ်ကြပြီး၊ သုံးကောင်မွေးမှုမှာ နည်းပါးပါသည်။ ဆိတ်မများ သားမွေးပြီးနောက် တစ်ကြိမ်သားပေါက်ရန် သားခြားကာလမှာ ခုနှစ်လမှ ရှစ်လအထိကြာမြင့်ရာ၊ အရွယ်ရောက်တဲ့ ဆိတ်ထီးတစ်ကောင်ကို တစ်သိန်းခွဲအထိ ရောင်းချရပါသည်။ ဆိတ်မွေးမြူရေးသည် အဓိကကျသော ကျွေးမွေးစရိတ်သက်သာကာ အစာဖိုး သီးသန့်မကုန်ဘဲ သဘာဝအလျောက်လွှတ်ကြောင်း၍ မွေးမြူသူများအနေဖြင့် တွက်ခြေကိုက်လှပါသည်။ ယခုနှစ်တွင် ဆိတ်များရောင်းဝယ်ရာ၌ ဈေးကောင်းရရှိ၍ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေပါကြောင်း မင်္ဂလာဒီပရပ်ကွက်နေ တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
ဒေသအတွင်းရှိ ကျေးလက်နေပြည်သူအများစုသည် တောင်သူလုပ်ငန်း၊ ဉယျာ်ဉ်ခြံလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ကြက်၊ ဝက်၊ နွား၊ ဆိတ်မွေးမြူရေးလုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်လျက်ရှိကာ လယ်ယာမြေများအတွက် လိုအပ်သော သဘာဝမြေဩဇာများဖြစ်သည့် ဆိတ်ချေး၊ နွားချေး၊ ကြက်ချေး၊ ဝက်ချေးတို့ကို အသုံးပြုရန်အတွက်လည်း မွေးမြူခြင်းဖြစ်ကြောင်း၊ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)