အောင်လံမြို့၌ မြန်မာ့မီးရထားစီမံကိန်းတွင် အောင်လံမြို့နယ်မှ ကျန်ရှိလျော့နည်း တောင်သူ(၁၅)ဦး၏ သိမ်းဆည်းလယ်ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

အောင်လံ မတ် ၂၆

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ မြန်မာ့မီးရထားစီမံကိန်းတွင် အောင်လံမြို့နယ်မှ ကျန်ရှိလျော့နည်း တောင်သူ(၁၅)ဦး၏ သိမ်းဆည်းလယ်ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အောင်လံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြန်မာ့မီးရထားတိုင်းအမှတ်(၁၁) ပုဂံမှ အင်ဂျင်နီယာမှူး (မြို့ပြ) ဦးတင်ထွဋ်မှ မြန်မာ့မီးရထားစီမံကိန်းများအကြောင်း ပြောကြားခဲ့ပြီး၊ တောင်သူတစ်ဦးချင်းအလိုက် မြေယာလျော်ကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)