အောင်လံ မတ် ၂၆
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ အခြေခံပညာအလယ်တန်းဆင့်သင် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးဌေးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးချစ်လွင်က အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း/ ဆွေးနွေးပွဲလုပ်ငန်းဆိုင်ရာများနှင့် ပညာရေးဆိုင်ရာသဘောတရားများ၊ ဒုမြို့နယ်ပညာရေးမှူး ဦးစိုးနိုင်က သင်တန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများပြောကြားခဲ့ပြီး သင်တန်းတွင် သင်တန်းသား/သူ ဆရာ/ဆရာမ(၅၃၂)ဦး တက်ရောက်လျက်ရှိပြီး၊ သင်တန်းနည်းပြ(၃၈)ဦးတို့မှ သင်တန်းကာလ မတ်လ ၂၅ ရက်နေ့မှ ၃၀ ရက် နေ့ထိဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)