(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း နတ်တလင်းမြို့ ပြည်သူ့ဆေးရုံ (၂) ထပ်တိုးချဲ့ ဆောင်သစ် ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့် လှစ်

နတ်တလင်း မတ် ၂၆

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့၌ (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံ (၂) ထပ်တိုးချဲ့ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့ ပြည်သူ့ဆေးရုံ (၂) ထပ် ကုသဆောင်သစ်အား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး (၂) ထပ်ကုသဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ (၂) ထပ် ကုသဆောင်သစ်ဆောက်လုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးမှ ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များအား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး အစိုးရဝန်ကြီးများထံ လက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့ဆေးရုံ (၂) ထပ်ကုသဆောင်သစ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၈၂၉ ဒသမ ၉၇ သန်း အကုန်အကျခံကာ တည်ဆောက်ရေး (၁) အဆောက်အဦးအထူးအဖွဲ့ (၁)မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ခဲ့ရာ ဓါတ်ခွဲခန်း၊ ဓါတ်မှန်ခန်း၊ ပြင်ပလူနာဌာန၊ ခွဲစိတ်ခန်းနှင့် ကုသရေးလူနာများအား ထားရှိကုသပေးသွားမည့် အထူးခန်းတို့ပါဝင်ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)