ပန်းတောင်းမြို့နယ်တွင် မြို့နယ်အဆင့် (လယ်/မူ) ဆရာ/ ဆရာမများအား ဘာသာရပ်မွမ်းမံသင်တန်းဆွေးနွေးပွဲကျင်းပ

ပန်းတောင်း မတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်စနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်တတ်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းသင် ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်းရှိ အ.ထ.က ကျောင်းနှင့် အ.မ.က (လွန်) ကျောင်းများတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စွမ်းရည်မြှင့်မွမ်းမံသင်တန်းဆွေးနွေးပွဲကို ဘာသာရပ်အလိုက် ကျွမ်းကျင်သော ဆရာ၊ ဆရာမများမှ ဦးဆောင်ဆွေးနွေးကြကာ အလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၄၂၂) ဦး၊ မူလတန်းအဆင့် ဆရာ၊ ဆရာမ (၇၉၃) ဦး တက်ရောက်ခဲ့ကြပြီး အလယ်တန်းအဆင့် ဆရာ၊ ဆရာမများအတွက်စာသင်ခန်း (၉) ခန်းနှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများအတွက် စာသင်ခန်း (၁၇) ခန်းထားရှိကာ မတ်လ (၂၅) ရက်နေ့မှ (၃၀) ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)