သတင်းများ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင် ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအား ကြည်ရှုအားပေး
Mar 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာန၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနေသော ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့်တာဝန်ရှိသူများက ကြည်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှုအားပေး
Mar 11,2024
 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)စာစစ်ဌာနနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၂) စာစစ်ဌာနတွင်  မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တောင်ငူမြို့တွင် ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုဖြစ်သည့် အ.ထ.က (၂)၊ အ.ထ.က (၄)၊ အ.ထ.က (၄ မိုင်) နှင့် အ.ထ.က (နတ်စင်ကုန်း) တို့တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က စတင်ဖြေဆိုလျက်ရှိသည်။
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာဘာသာရပ် ကျောင်းသား/ကျောင်းသူများ စတင်ဖြေဆို
Mar 11,2024
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန (၂) ခုဖြင့် ကျင်းပပြုလုပ်ရာ ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ်အား ကျောင်းသား/ကျောင်းသူများလာရောက်၍ အေးချမ်းပျှော်ရွှင်စွာ လာရောက်ဖြေဆိုခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်အတွင်း ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ မတ်လ ၁၁ ရက်နေ့ ပထမနေ့ မြန်မာစာဘာသာ စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး
Mar 11,2024
၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့ ယနေ့နံနက် ၉ နာရီအချိန်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို စတင်ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို အ.ထ.က(၂)နှင့် အ.ထ.က(၃)စာစစ်ဌာနတို့တွင် ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၉၃.၂၇ ရာခိုင်နှုန်းဝင်ရောက် ဖြေဆိုခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် နေအိမ်(၃)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား
Mar 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ဒေါ်ရွှေအေး၊ ဦးအေးထွန်းနှင့် ဒေါ်စန်းဝင်းတို့၏ နေအိမ်(၃)လုံ ယနေ့နေ့လယ် (၁၀)နာရီ (၂၅)မိနစ် အချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။