တပ်ကုန်းမြို့နယ်၌ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်
Mar 29,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့်စိုက်ပျိုးရေးအခြေခံအချက်များနှင့် စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက နွေစပါးစိုက်ကွင်းအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။