ဒေသထွက်ကုန်တစ်မျိုးဖြစ်သည့် သရက်လက်ဆောင် ရွှေဟင်္သာမလိုင်လုံးလုပ်ငန်း
Mar 12,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၏ ဒေသထွက်ကုန်ဖြစ်သည့် မလိုင်လုံးကို လူသိများကြပြီး သရက်ဒေသကိုရောက်လျှင် အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူလေ့ရှိကြပါသည်။ သရက်မြို့ရှိ ရွှေဟင်္သာမလိုင်လုပ်ငန်းသည် မိဘ၊ ဘိုးဘွားများလက်ထက်မှ စတင်လုပ်ကိုင်ခဲ့ရာ နှစ်(၇၀)ကျော်ခန့်ရှိပြီဖြစ်ကြောင်း ရွှေဟင်္သာမလိုင်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရင်ရင်အေးထံမှ သိရှိရသည်။