သတင်းများ

ဟင်းသီးဟင်းရွက်စိုက်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Mar 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာရောင်းချပေးကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် မော်‌တော်ယာဉ်စစ်‌ဆေးခြင်းများအား စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိ
Mar 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာနေ ပြည်သူများ အကြမ်းဖက်သမားများဘေးရန်မှကင်းဝေးပြီး အေးချမ်းသာယာလုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့်ဌာနဆိုင်ရာတို့မှပူးပေါင်း၍ ယနေ့နံနက် ၉:၀၀ နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့အဝင်၊ ကန်ကြီးထောင့်-မာလာကုန်းလမ်းဆုံတွင် မော်‌တော်ယဉ်များစစ်‌ဆေးခြင်းနှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီအခြေခံပန်းချီ (အခမဲ့) သင်တန်း ဖွင့်လှစ်
Mar 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မတ်လ ၁၂ ရက်နေ့၊နံနက် ၈ နာရီအချိန်က နွေရာသီအခြေခံပန်းချီ (အခမဲ့) သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသ နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Mar 13,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
Mar 13,2024
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သည့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ််ကြီးနားမြို့ရှိ ပြည်နယ်/ခရိုင်/ မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းများ နှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ဘာသာရေးအဖွဲ့အစည်းများထံ ဆန်၊ ဆီ၊ အခြေခံစားသောက်ကုန် များနှင့် ထောက်ပံ့ငွေများပေးအပ်လှူဒါန်း
Mar 13,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဘာသာရေးအသင်းအဖွဲ့များထံ နေထိုင်စားသောက်မှုအဆင်ပြေစေရေး အခြေခံ စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မတ် ၁၂ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့၌ ထောက်ပံ့ပေးအပ်မှုများကို ဆောင်ရွက်ခဲ့ကြသည်။
မိုးကောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် မိုးသီးနှံ(မိုးစပါး)ဧကများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ကျေးရွာ‌တောင်သူများသို့ ပြည်နယ်အရေးပေါ်ရန်ပုံငွေများထောက်ပံ့ပေးအပ်
Mar 13,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ကြောင့် မိုးသီးနှံ (မိုးစပါး) ဧကများ ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် ကျေးရွာတောင်သူများသို့ ပြည်နယ် အရေးပေါ်ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယမေန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် (MSME) လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ယုဇနမုန့်မျိုးစုံလုပ်ငန်းမှ ဦးကျော်ကျော်သိန်းအား တွေ့ဆုံမေးမြန်း
Mar 13,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် (၉) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ (MSME) စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် ဦးတည်ချက်ကို ချမှတ်ပြီး တွန်းအားပေး မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။