မလှိုင် မတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ရှိစာစစ်ဌာနအသီးသီးတွင် ၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် (၉)နာရီအချိန်မှစတင်၍ တစ်ပြိုင်တည်း အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် အ.ထ.က (မလှိုင်)၊ အ.ထ.က (ပန်းအိုင်)၊ အ.ထ.က (ဆည်တို)၊ အ.ထ.က (နှောကန်) ဟူ၍ စာစစ်ဌာန(၄)ခုထားရှိပြီး အ.ထ.က (မလှိုင်) စာစစ်ဌာနတွင် စာရင်းရှိ (၇၅၂) ဦး၊ ဖြေဆိုသူ(၇၄၈)ဦး၊ ပျက်ကွက် (၄)ဦး၊ အ.ထ.က (ပန်းအိုင်)တွင် စာရင်းရှိ (၆၀) ဦး၊ ဖြေဆိုသူ(၆၀)ဦး၊ ပျက်ကွက်မရှိ၊ အ.ထ.က (ဆည်တို)တွင် စာရင်းရှိ (၁၉၄)ဦး၊ ဖြေဆိုသူ(၁၉၃)ဦး၊ ပျက်ကွက်(၁)ဦး၊ အ.ထ.က (နှောကန်)စာစစ်ဌာနတွင် စာရင်းရှိ (၇၂)ဦး၊ ဖြေဆိုသူ(၇၁)ဦး၊ ပျက်ကွက်(၁)ဦး ရှိကြောင်း သိရသည်။
မလှိုင်တစ်မြို့နယ်လုံးရှိ စာစစ်ဌာန(၄)ခုတွင် စာရင်းရှိ ကျား(၄၁၉)ဦး၊ မ(၆၅၉)ဦး၊ စုစုပေါင်း (၁ဝ၇၈)ဦးရှိ၍ လာရောက်ဖြေဆိုသူ ကျား(၄၁၇)ဦး၊ မ(၆၅၅)ဦး စုစုပေါင်း(၁၀၇၂)ဦး၊ ပျက်ကွက်သူ ကျား(၂)ဦး၊ မ(၄)ဦးစုစုပေါင်း(၆)ဦးရှိ၍ ယနေ့ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၉.၄၄)ရှိကြောင်းသိရသည်။ ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ ဘာသာရပ်အား စိတ်အေးချမ်းစွာ ဖြေဆိုနေ မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု့အားပေးခဲ့သည်။ မြို့နယ်အတွင်းရှိစာစစ်ဋ္ဌာန အသီးသီး၌ဌာနဆိုင်ရာ အကြီးအကဲများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အပြင်စည်းလုံခြုံရေး အတွင်းစည်းလုံခြုံရေးအတွက် တာဝန်ကျကျောင်းအုပ်ကြီးနှင့်ဆရာမများ၊ စာမေးပွဲကြီးကြပ်များကတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်ပါက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ယာယီကျန်းမာရေးဆေးခန်းများ ထားရှိပေးထားကြောင်းလည်း သိရသည်။
အောင်ဌေး(မလှိုင်)