ရမည်းသင်း မတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စာစစ်ဌာနအလိုက် တက္ကသိုလ်ဝင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြသည်။
ရမည်းသင်းမြို့နယ်အတွင်း အ.ထ.က(၁)စာစစ်ဌာန၊ မြို့လှ အ.ထ.က စာစစ်ဌာန၊ သိမ်ကုန်း အ.ထ.က စာစစ်ဌာနနှင့် ရွာတန်း အ.ထ.က စာစစ်ဌာန စုစုပေါင်း စာစစ်ဌာန (၄)ခုရှိပြီး စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် အေးချမ်းစွာဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဘာသာရပ် ဖြေဆိုရန် မြို့လှ အ.ထ.က စာစစ်ဌာန စာရင်းရှိကျောင်းသား(၃၆)ဦး၊ ကျောင်းသူ(၂၇)ဦး၊ စုစုပေါင်း (၆၃)ဦး၊ ဖြေဆို ကျောင်းသား(၃၆)ဦး၊ကျောင်းသူ(၂၇)ဦး၊ ပျက်ကွက်မရှိ၊ သိမ်ကုန်းအထကစာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား(၆၅)ဦး၊ ကျောင်းသူ(၁၂၅)ဦး၊ စုစုပေါင်း(၁၉၀)ဦး၊ ဖြေဆို ကျောင်းသား (၆၄)ဦး၊ ကျောင်းသူ(၁၂၃)ဦး၊ ပျက်ကွက်ကျောင်းသားတစ်ဦး၊ ကျောင်းသူနှစ်ဦး၊ ရွာတန်း အ.ထ.က စာစစ်ဌာန စာရင်းရှိ ကျောင်းသား(၁၄၀)ဦး (၁၈၆)ဦး၊ ဖြေဆိုကျောင်းသား (၁၃၄)ဦး၊ ကျောင်းသူ (၁၈၃)ဦး၊ ပျက်ကွက်ကျောင်းသား(၆)ဦး၊ ကျောင်းသူ(၃)ဦး၊ အ.ထ.က(၁) စာစစ်ဌာန စာရင်းရှိ ကျောင်းသား(၂၉၅)ဦး၊ ကျောင်းသူ (၃၉၉)ဦး၊ ဖြေဆို (၂၈၄)ဦး၊ ကျောင်းသူ (၃၉၉)ဦး၊ ပျက်ကွက်ကျောင်းသား(၁၁)ဦးနှင့် ကျောင်းသူ(၇)ဦး၊ ရမည်းသင်းမြို့နယ်အတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စာရင်းရှိကျောင်းသား (၅၃၆)ဦး၊ ကျောင်းသူ(၇၄၄)ဦးစုစုပေါင်း (၁၂၈၀)ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား (၅၁၈)ဦးနှင့်ကျောင်းသူ(၇၃၂)ဦး၊ စုစုပေါင်း(၁၂၅၀)ဦး ဖြေဆိုကာ ပျက်ကွက် ကျောင်းသား (၁၈)ဦး၊ ကျောင်းသူ (၁၂ ဦး စုစုပေါင်း (၃၀)ဦးရှိကြောင်း ရမည်းသင်းမြို့နယ် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇော်ဝင်းအောင်