ချမ်အေးသာစံမြို့နယ်၌ ၂၀၂၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ ၆၇၄ ဦး  ဖြေဆို

ချမ်းအေးသာစံ မတ်  ၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီက ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၌ အင်္ဂလိပ်စာဘာသာရပ်တွင် ကျောင်းသား၊ကျောင်းသူ (၆၇၄)ဦး အေးချမ်းစွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာနများအဖြစ် အ.ထ.က(၁၄)၊ အ.ထ.က(၁၆)နှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့တွင် သတ်မှတ်‌ဖြေဆိုစေခဲ့ပြီး အ.ထ.က(၁၄) စာစစ်ဌာန၌  ဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၁၆၀) ဦးရှိရာ (၁၅၉) ဦး ဖြေဆိုပြီး (၁)ဦး ပျက်ကွက် ကျောင်းသူ (၁၇၈)ဦးရှိရာ (၁၇၈)ဦးစလုံး ဖြေဆိုခဲ့သည်။ စာစစ်ဌာန အ.ထ.က (၁၆)တွင် စာရင်းရှိ ကျောင်းသား (၁၇၈)ဦးဖြစ်ပြီး (၁၆၆)ဦး ဖြေဆိုခဲ့ရာ(၁၂)ဦး ပျက်ကွက်ဖြစ်ပြီး စာရင်းရှိ ကျောင်းသူ (၁၈၆)ဦးရှိရာ (၁၇၁)ဦး ဖြေဆိုခဲ့ရာ (၁၅)ဦးပျက်ကွက် ခဲ့ရာ စုစုပေါင်း ဖြေဆိုရန် စာရင်းရှိ (၇၀၂)ဦး ဖြစ်ကာ(၆၇၄)ဦး ဖြေဆိုခဲ့သည်။

ချမ်းအေးသာစံမြို့နယ်အတွင်း ဖွင့်လှစ်ထားသော မန္တလေးပြည်သူ့ဆေးရုံကြီး စာဖြေဌာနတွင် အောင်မြေသာစံမြို့နယ် အမှတ် (၈)အထက်တန်းကျောင်း စာဖြေဌာနမှ ကျောင်းသူတစ်ဦး ယမန်နေ့က ရောက်ရှိလာပြီး မြန်မာစာဖြေဆိုခဲ့ရာ ယနေ့အင်္ဂလိပ်စာဘာသာရပ်ကိုလည်း ဆက်လက် ဖြေဆိုခဲ့သည်။

ကျောင်းသားကျောင်းသူများ တက္ကစိုလ်ဝင်တန်းစာမေးပွဲကို စိတ်အေးချမ်းသာ ဖြေဆိုနိုင်ရေးသက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာဌာနမျာနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်