ရန်ကင်းမြို့နယ်၌ အခြေခံကာတွန်းရေးဆွဲနည်း (ပညာဒါန) သင်တန်းဆင်းပွဲ ပြုလုပ်
Mar 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများ အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ အသိညာပေး လုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၁)ခွဲ အချိန်က နွေရာသီကာတွန်းရေးဆွဲနည်း အခြေခံသင်တန်း (ပညာဒါန)ဆင်းပွဲ အခမ်းအနားကို ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။