သတင်းများ

ပန်းတနော်မြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် အ​ခြေခံပညာအလယ်တန်း/မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မြို့နယ်အဆင့် မွမ်းမံသင်တန်း ဖွင့်လှစ်
Mar 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် အခြေခံပညာ အလယ်တန်း/မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မြို့နယ်အဆင့် မွမ်းမံသင်တန်း ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က (၁) အခြခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌ အခြေခံပညာ အလယ်တန်းနှင့်မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲပြုလုပ်
Mar 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ မူလတန်း၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ပြဌာန်းထားသော သင်ရိုးနှင့်အညီ သင်ရိုးသစ်ဘာသာရပ်များကို စနစ်တကျ သင်ကြားပြသနိုင်ရန် ရည်ရွယ်၍ အခြေခံပညာ အလယ်တန်းနှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း​ ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရှိမြမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပုံးမြို့နယ်တွင် ကြက်ခြေနီအသင်းမှ ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲ ကျင်းပ
Mar 26,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကြက်ခြေနီအသင်းမှဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျိုက်လတ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Mar 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ
Mar 26,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂွေးချောင်းကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 26,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဂွေးချောင်းကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ၂၄-၃-၂၀၂၄ ရက်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ကျောက္ကချားကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး လက်ရက်ကန်းစင်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Mar 26,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)မှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း လက်ရက်ကန်းစင်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာတွင် ပြုလုပ်ခဲ့ကြသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ စု​ပေါင်း​သွေးလှူဒါန်းပွဲ အခမ်းအနားတက်​​ရောက်
Mar 26,2024
၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်​နေ့တွင် ကျ​ရောက်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ စု​ပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အ​ထွေ​ထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ​သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ တာဝန်ရှိသူများ တက်​ရောက်သည်။