တောင်သာ မတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန (၄)ခုတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြရာ စာစစ်ဌာန(၄)ခု ဖြစ်သည့် အ.ထ.က တောင်သာ၊ အ.ထ.က ဝဲလောင်၊ အ.ထ.ကဇဂျမ်း၊ အ.ထ.က တမိုက်သာတို့တွင် ကျောင်းသား(၁၉၃)ဦး၊ ကျောင်းသူ(၂၈၈)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၄၈၁)ဦးအနက် ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ(၄၆၀)ဦး ရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
ထိုသို့ဖြေဆိုရာတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)