ပျော်ဘွယ်မြို့နယ်တွင်၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(အင်္ဂလိပ်စာဘာသာရပ်)ဖြေဆို

ပျော်ဘွယ် မတ် ၁၂

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီကစတင်ကာ သတ်မှတ်စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား(၅၁၇)ဦးနှင့်ကျောင်းသူ (၈၃၀) ဦး၊ စုစုပေါင်း(၁၃၄၇)ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား(၄၉၉)ဦးနှင့်ကျောင်းသူ(၈၁၁)ဦး၊ စုစုပေါင်း(၁၃၁၀)ဦးဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက် ကျောင်းသား (၁၈)ဦးနှင့်ကျောင်းသူ (၁၉)ဦး စုစုပေါင်း (၃၇)ဦးရှိကြောင်း‌၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၂၅)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းအရသိရ သည်။

မြို့နယ်အတွင်း စာစစ်ဌာန(၇)ခုဖြစ်သည့် အ.ထ.က(၁)၊ အ.ထ.က (ယင်းတော်)၊ အ.ထ.က (ရန်အောင်)၊ အ.ထ.က(အရှေ့လျှော်ဖြူကုန်း)၊ အ.ထ.က(တောင်ညောင်ကုန်း)၊ အ.ထ.က (ရွှေညောင်ဖူး)၊ အ.ထ.က(ရွာသစ်အနောက်)တို့၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် တာဝန်ရှိသူများစုပေါင်း၍ အတွင်းအစည်း၊ အပြင်စည်းလုံခြုံရေးတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)